ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဗြိတိသျှ သိပ္ပံပညာရှင်သုံးဦး ရရှိ

Share it:

ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဗြိတိသျှနွယ်ဖွား သိပ္ပံပညာရှင်သုံးဦးက
ရရှိခဲ့ကြောင်း သိရပါတယ်။
၎င်းတို့သုံးဦးဟာ ထူးခြားဆန်းကြယ်တဲ့ အီလက်ထရောနစ်ဆိုင်ရာ တွေ့ရှိချက်အပေါ်
နိုဘယ်ဆုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေးဗစ်သွန်းလက်စ်၊ ဒွန်ကင်ဟောဒန့်စ်နဲ့ မိုက်ကယ်ကော့စ်တာလစ်ဇ်တို့ သုံးဦးက ရူပဗေဒဆိုင်ရာ
နိုဘယ်ဆုအတွက် ပေးအပ်ချီးမြှင့်တဲ့ ပေါင်စတာလင် ၇၂၇,၀၀၀ ကို ခွဲဝေလက်ခံရရှိမှာပါ။
အဆိုပါ သိပ္ပံပညာရှင်သုံးဦးရဲ့ တွေ့ရှိမှုအရ အီလက်ထရောနစ်ပစ္စည်းတွေကို အရည်အသွေး
ပိုမိုကောင်းမွန်တိုးတက်စေမှာဖြစ်ပြီး လက်ရှိမှာ မြန်နှုန်းမြင့် ကွန်ပျူတာစနစ်အတွက်
အသုံးပြုနိုင်ရန် နီးစပ်နေပြီလို့ ဆိုပါတယ်။ ယခုနှစ် ဆုရရှိသူသုံးဦး အပါအဝင် ၁၉၀၁ ခုနှစ်စပြီး
ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိသူ ၂၀၀ ရှိလာပြီလည်း ဖြစ်ပါတယ်။
ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်ကို ယနေ့ (အောက်တိုဘာ ၄ ရက်) မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source & Photo: BBC
Share it:

နိုင်ငံတကားသတင်း

ဗဟုသုတဆိုင်ရာ

သတင်း

Post A Comment:

0 comments: