ခါးပိုက်နှိုက် ၄ ဦး ဖမ်းဆီးရမိ

Share it:

ရန်ကုန်၊ စက်တင်ဘာ

၂၈ ၂၇.၉.၂၀၁၆ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နေ အမျိုးသမီးသည် သမိုင်းလမ်းဆုံမှ လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ်သို့ အမှတ်(၁၂၁) ယာဉ်လိုင်း ဒိုင်နာခရီးသည်တင်ယာဉ်ဖြင့် စီးနင်းလိုက်ပါလာစဉ် လှိုင်သာယာ စက်မှုဇုံ ကားမှတ်တိုင်အနီး အရောက် ယာဉ်ပေါ်ပါသူ(၄)ဦးက ၎င်းလွယ်ထားသော အိတ်အတွင်း မှ
 ငွေ (၂၀၀၀၀)ကျပ်ခန့်နှင့် စာရွက်စာတမ်းမျာပါ ပိုက်ဆံအိတ်အားနှိုက်ယူပြီး
ယာဉ်ပေါ်မှ ဆင်းပြေးသွားသည်ကို သိရှိရသည်။

အဆိုပါ အမျိုးသမီးမှ ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းခံခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများနှင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်နေသူများဖြစ်သည့် ဌေးဝင်းရှိန်၊ (၂၀)နှစ်၊ စိုးမိုးအောင်၊ (၂၀) နှစ်၊ ကျော်လွင် (၂၉) နှစ်နှင့် မအိအိခိုင်၊ (၂၅) နှစ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ဌေးဝင်းရှိန်ပါ(၄)ဦးအား လှိုင်သာယာမြို့မရဲစခန်း (ပ)၂၀၇၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားမြို့နယ်များတွင်လည်း ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ ဆက်စပ်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Share it:

မှုခင်းသတင်း

ပြည်တွင်းသတင်း

သတင်း

Post A Comment:

0 comments: