မုံရွာမြို့မရဲစခန်းတွင် ရဲကတော်အချင်းချင်း ဓားခုတ်မှုဖြစ်

Share it:

မုံရွာ၊ အောက်တိုဘာ ၄။

စစ်ကိုင်းတိုင်းအစိုးရအဖွဲရုံးစိုက်ရာ မုံရွာမြို့၊မြို့မရဲစခန်း ရဲလိုင်းခန်းတွင် ရဲအုပ်ကတော်အချင်းချင်း စကားများ၍ ဓားခုတ်မှုတစ်ခု အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အချင်းများသူ နှစ်ဦးသည် တိုင်းရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်နှစ်ဦး၏ ဇနီးများဖြစ်ကြပြီး မြို့မရဲစခန်းဝန်ထမ်းလိုင်းခန်းတွင် လာရောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ခုတ်ခံရသူမှာ ရဲအုပ်ကျော်လင်း၏ဇနီး မစန္ဒာဦး ဖြစ်ပြီး ဓားဖြင့်ခုတ်သူမှာ ရဲအုပ်သောင်းထိုက်အောင်၏ ဇနီးစုစုလှိုင်ဖြစ်ကြောင်း အခုတ်ခံရသူ မစန္ဒာဦး၏ တိုင်ကြားစာအရ သိရသည်။

ဖြစ်စဉ်မှာ တရားလိုမစန္ဒာဦးသည် သားဖြစ်သူကို အော်ဟစ်ဆုံးမနေစဉ် အခန်းချင်းကပ်လျက်ရှိသော မစုစုလှိုင်မှ ၄င်းကို စောင်းမြောင်းပြောသည်ဟူ၍ နှစ်တောင်အရှည်ရှိသော ဓားရှည် တစ်ချောင်းဖြင့် အိမ်ရှေ့ရောက်လာကာ "သတ္တိရှိရင် ထွက်ခဲ့"ဟု စိန်ခေါ်ခဲ့ကြောင်း ပြန်လည် ရှင်းပြသည်ကို လက်မခံပဲ လက်ထဲတွင် အသင့်ပါလာသော ဓားဖြင့်ခုတ်ရာ မစန္ဒာဦး၏ လက်ဝဲ လက်သန်း ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဓားခုတ်မှုဖြစ်စဉ်ကို အောက်တိုဘာ ၄ရက်နေ့၌ မြို့မရဲစခန်းတွင် နှစ်ဖက်စလုံးအပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။

ဟိန်းလင်းသန်
Central News Myanmar
https://www.facebook.com/CNMyanmar
Share it:

မှုခင်းသတင်း

ပြည်တွင်းသတင်း

သတင်း

Post A Comment:

0 comments: