ပြေတီဦး၊ အိချောပို (သတိထား)

Share it:
ပြေတီဦး၊ အိချောပိုနှင့် သရုပ်ဆောင်များစွာပါဝင်တဲ့ အိမ်ထောင်ရေးပညာပေးဇာတ်ကားလေး သတိထား
တိုးတက်လာတဲ့ နည်းပညာကို ကောင်းကောင်းအသုံးမချမိတဲ့အတွက် မိသားစုဘဝပါ ပျက်ခဲ့ရတဲ့ ပညာပေးဇာတ်လမ်းလေး ” သတိထား ”
ထွဋ်မြတ်ဦး ( ပြေတီဦး ) နဲ့ မြသီတာ ( အိချောပို ) တို့ဟာ
သူတို့ရဲ့ ချစ်လှစွာသော သားလေး နဲ့အတူ သာယာတဲ့အသိုက်အမြုံလေးတစ်ခုကို ထူထောင်ထားကြပါတယ်
ထွဋ်မြတ်ဦး ရဲ့ ညီမ ယုယ ( ယွန်းရွှေရည် ) ဟာလည်း သူတို့မိသားစုလေးနဲ့အတူ အတူတကွ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့နော်
မြသီတာ ဟာ မြန်မာအမျိုးသမီးပီပီ ယဉ်ကျေးသိမ်မွေ့မှုအပြည့်ရှိပြီး
လင်ယောက်ျားအပေါ်မှာရော သားလေးအပေါ်မှာပါ တာဝန်ကျေပွန်တဲ့ မိန်းမကောင်းတစ်ဦးပါ
မြသီတာ ရဲ့ ငယ်သူငယ်ချင်း ဘေဘီ ( ဘေဘီမောင် ) နိုင်ငံခြားကပြန်ရောက်လာတဲ့အချိန်မှာ မြသီတာနဲ့ ပြန်လည်ဆုံတွေ့ပါတော့တယ်
ဘေဘီ ဟာ မြသီတာ တစ်ယောက် အပျင်းပြေသုံးရအောင်
Facebook အကောင့် တစ်ခု ဖွင့်ပေးရာမှ
တင်ဌေး ( ကိုပေါက် ) ဆိုတဲ့ အမျိုးသားတစ်ဦး နဲ့ ဆုံဆည်းပါတော့တယ်
အဲဒီ နောက်မှာတော့ ……
မြသီတာ တစ်ယောက် တင်ဌေး အပေါ်မှာ တကယ်ပဲ စိတ်ယိုင်သွားလေမလားး
တင်ဌေး ဆိုတာ ကရော လူရိုး လူကောင်း မှ ဟုတ်ရဲ့လားး
တစ်စုံတစ်ယောက်က မြသီတာ နေရာဝင်ပြီး ကြိုးကိုင်ခြယ်လှယ်မှုတွေရော ရှိမလာနိုင်ဘူးလားး
မြသီတာ ရဲ့ အမျိုးသား ထွဋ်မြတ်ဦး သာ ဒါတွေကို သိသွားရင် ……
ဘာတွေဆက်ဖြစ်မှာလဲ ???
တိုးတက်လာတဲ့ ခေတ်နဲ့အညီ နည်းပညာပိုင်းဆိုင်ရာကို ကောင်းစွာအသုံးမချမိခဲ့လို့ မိသားစု ဘဝပါပျက်ခဲ့ရတဲ့ ပညာပေးဇာတ်ကား
ယခုခေတ် Facebook သုံးသူတိုင်း သတိထား ရမယ့် အချက်တွေနဲ့ ” သတိထား ” ဇာတ်ကားလေးပါ။
Sein Htay Film & Video Production & Distribution ပေ့မှ ကူးယူတင်ပြပါသည်။
Share it:

Featured Post

Local Celebrity

Movies

အနုပညာသတင်း

Post A Comment:

0 comments: