တာလေ၌ ဘုန်းကြီးကျောင်းပွဲအတွင်း စကားများ ရန်ဖြစ်ရာမှ ဓားထိုးခံရ၍ အမျိုးသားတစ်ဦး သေဆုံး

Share it:

ဘုန်းကြီးကျောင်းအတွင်း ကျင်းပနေသည့် ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးခံ၍ အမျိုးသားတစ်ဦး သေဆုံးမှု တာချီလိတ်ခရိုင်၊ တာလေမြို့တွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ မအန်ခန်ကျေးရွာ ဘုန်းကြီးကျောင်းတွင်း ကျင်းပပြုလုပ်နေသည့် ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲ၌ အောက်တိုဘာလ(၄)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က ခိုက်ရန်ဖြစ်ပွားရာမှ အသက်(၅၀)နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၅၀)နှစ်ရှိ ဦးအိုက်ရှဲန် နှင့် တရွာတည်းနေထိုင်သူ ဦးအိုက်ဆိုက်တို့သည် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း စကားများရန်ဖြစ်ရာမှ ဦးအိုက်ဆိုင်မှ ၎င်းတွင် အသင့်ပါလာသည့် ဓားမြှောင်ဖြင့် ထိုးလိုက်ရာ ဦးအိုက်ရှဲန်မှ ၀ဲဘက် ၀မ်းဗိုက်ပေါက်ကာ အူထွက်၍ တာလေပြည်သူ့ဆေးရုံတွင် ကုသစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက်(၄၅)နှစ်ရှိ ဦးအိုက်ဆိုက်အား မိုင်းလင်း(အနောက်)ရဲတပ်ဖွဲ့စခန်းတွင် (ပ)၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာလေ ထွေ/အုပ်
Tachileik News Agency
http://www.tachileik.net
Share it:

မှုခင်းသတင်း

ပြည်တွင်းသတင်း

သတင်း

Post A Comment:

0 comments: